Traduci pagina

English French German Italian Portuguese Russian Spanish

DVB

Abbonamento a feed DVB DVB
Democratic Voice of Burma
Aggiornato: 1 giorno 10 ore fa

အင်းဝပျက်ကိန်းထက် ပိုဆိုးမယ့် စစ်အခွင့်ထူးခံတို့ ဇာတ်သိမ်း

Dom, 03/07/2022 - 5:05am

အဖွဲ့အစည်းတရပ်ဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံဖြစ်ဖြစ် ပျက်သုဥ်းတော့မယ်၊ အုပ်ချုပ်ပုံစနစ် ပြောင်းတော့မယ်ဆိုရင် ပြသလာတဲ့ လက္ခဏာရပ်တွေထဲမှာ ထင်ရှားသိသာတဲ့ လက္ခဏာရပ်တွေကတော့ ကာကွယ်ရေးနဲ့ လုံခြုံ‌ရေးတပ်ဖွဲ့ အင်အားဆုတ်ယုတ် ချည့်နဲ့လာခြင်း၊ မှန်ကန်တဲ့ အုပ်ချုပ်ရေးအာဏာစက် မသက်ရောက်နိုင်တော့တာမို့ တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ ရာဇဝတ်မှု ထူပြောလာခြင်း၊ စီးပွားရေး ယုတ်လျော့ပြိုပျက်ခြင်း၊ အစာရေစာ ရှားပါးပြတ်လပ်လာခြင်း၊ အနာရောဂါ ထူပြောလာခြင်း အကျင့်ပျက်ခြစားမှုတွေ အဆိုးဝါးဆုံးအခြေကို ရောက်လာခြင်းတို့ပဲ ဖြစ်ပါတယ်။

မြန်မာ့ရာဇဝင်မှာ အင်းဝနိုင်ငံတော်ကြီးကို ပျက်သုဥ်းစေပြီး ညောင်ရမ်းမင်းဆက် ပြတ်သွားစေတဲ့ မင်းဟာ ဟံသာဝတီရောက်မင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ကြာသပတေးမင်းခေါ် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ မင်းဆိုးမင်းညံ့တပါး ဖြစ်ပါတယ်။

အင်းဝနိုင်ငံတော်ကို အလုံးစုံပျက်စီးသွားစေတဲ့ ဟံသာဝတီရောက်မင်းဟာ သူ့ခမည်းတော် တနင်္ဂနွေမင်းလွန်တဲ့အချိန်မှာ အများပြည်သူက သူ့ဦးရီးတော် သရက်စားမင်းသားကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိသူအဖြစ် လိုလားခဲ့ကြပေမဲ့ သီရိဇေယျနော်ရထာဘွဲ့ခံ နန်းရင်းဝန်ကြီးဦးပုက ဦးဆောင်ပြီး နန်းတင်ခဲ့တာမို့ ၁၆ နှစ်သားမှာ အရိုက်အရာကို ဆက်ခံခွင့်ရပြီး မဟာဓမ္မရာဇာဓိပတိဘွဲ့ခံလို့ (၁၇၃၃ – ၁၇၅၂) မင်းဖြစ်ခဲ့တာဖြစ်တယ်။

ဟံသာဝတီရောက်မင်းဟာ မင်းဖြစ်ထိုက်တဲ့ အရည်အချင်း၊ စိတ်ဓာတ်၊ ဉာဏ်ပညာ အတွေးအခေါ်မရှိဘဲ ဂါထာ၊ မန္တရား အဆောင်လက်ဖွဲ့၊ အထက်လမ်း၊ အောက်လမ်း လောကီအစီအရင်တွေကို ပြုလုပ်တာ‌တွေနဲ့ အလုပ်ရှုပ်ပြီး ဗေဒင်၊ ယတြာတွေကို အလွန်ယုံ လိုက်စားပါတယ်။

အသက်ကငယ်၊ စိတ်ဓာတ်ကညံ့၊ အရည်အချင်း မပြည့်မီတော့ တိုင်းရေးပြည်ရာကိစ္စတွေကို စိတ်မဝင်စား၊ သောက်စားပျော်ပါးလို့သာ အချိန်ကုန်သတဲ့။ ခမည်းတော်လက်ထက်ကတည်းက ပျက်စီးခဲ့တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ပြည်ပကျူးကျော်နှောင့်ယှက်မှုများကို ဖြေရှင်းဖို့ တာဝန်ရှိပေမဲ့လည်း ဗေဒင်ကိန်းခန်းနှင့် ဇာတာခွင်စစ်ဆေးတဲ့ အလုပ်တွေမှာသာ အာရုံထားပြီး တိုင်းပြည်အုပ်ချုပ်‌ရေးတာဝန်ကို လျစ်လျူရှုနေခဲ့တယ်။

သစ္စာမဲ့ပြီး ဆင်ခြင်တုံတရားကင်းသူမို့ စိတ်ဓာတ်မပြည့်ဝတဲ့ သူ့ငယ်ဆရာ ရွှေဖြိုးကို နန္ဒမိတ်ကျော်ဘွဲ့ အမည်နဲ့ အပါးမှာ ခစားစေ‌ခဲ့တော့ ရွှေဖြိုးနဲ့ အပေါင်းအပါတွေက သွေးထိုးတာကိုယုံပြီး သူ့ကို နန်းတင်ပေးခဲ့တဲ့ နန်းရင်းဝန်ဦးပု အပါအဝင် ရွှေတိုက်စိုး၊ အသည်ဝန်၊ သက်တော်ရှည်အမတ်ကြီးနဲ့ အခြားဝန်တပါး အပါအဝင် အရေးပါတဲ့ ပညာရှိ မှူးကြီးမတ်ရာတွေကို ကွပ်မျက်ခဲ့တယ်။

လူမိုက်တွေ မြှောက်ပင့်တဲ့လူတွေကို ချီးမြှောက်တယ်။ မတန်မရာ ဘွဲ့ထူး ဂုဏ်ထူးတွေပေး၊ လုပ်ပိုင်ခွင့်တွေ ပေးတယ်။ လူဆိုးလူမိုက်တွေ မင်းမူကြီးစိုးပြီး သူ့ခေတ်မှာ လူဆိုးသူခိုးက ဆင်စီး ရွှေထီးဆောင်းပြီး ဓားပြတိုက်သတဲ့။ လူကောင်းတွေ ဘေးရောက် ပြည်သူတွေ လွန်မင်းစွာ အတိဒုက္ခရောက်ခဲ့ကြရတယ်။

ဗုဒ္ဓရှင်တော်ရဲ့ အဆုံးအမတရားတွေအပေါ် မှန်ကန်တဲ့အမြင်မရှိ၊ သဒ္ဓါမကြည်လင်တာမို့ သာသနာကို ဖျက်ဆီးသလို ဖြစ်ခဲ့တယ်။ သူ့လက်ထက်မှာ ရဟန်းကြီးကြိုက်ဆိုတဲ့ သေရည်အရက်ကိုတောင် ဖန်တီးခဲ့တယ်။

နိုင်ငံအုပ်ချုပ်ရေး မနိုင်နင်းတဲ့အပြင် ထင်ရာလုပ်နေတော့ နိုင်ငံအတွင်း မတည်ငြိမ်မှုတွေဖြစ်၊ ပုန်ကန်မှုတွေပေါ်ပေါက်၊ နယ်မြေတွေဆုံးရှုံး၊ အခွန်ပဏ္ဍာတွေလျော့နည်း၊ စီးပွားရေးချွတ်ခြုံကျ၊ လက်နက် လူသူအင်အား ရိက္ခာ ချည့်နဲ့လာနေပါလျက် အရပ်လေးမျက်နှာမှာ စစ်တိုက်တယ်၊ ရန်သူဝိုင်းဝိုင်းလည်လာတော့ ရဲမက်စစ်သည်တော်တွေလည်း ပင်ပန်းဆင်းရဲခြင်းကြီးကြတာမို့ လွန်စွာဖောက်ပြန်ကြသတဲ့။

မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ ဟံသာဝတီ‌ရောက်မင်းရဲ့ ယုတ်ညံ့တဲ့စိတ်ဓာတ်ကို ဖော်ညွှန်းတဲ့ သူ့စကားကတော့—

“ငါချစ်သူကို ချစ်ရမယ်၊
ငါမုန်းသူကို မုန်းရမယ်၊
ငါနဲ့မတည့်သူဟာ ငါ့ရန်သူပဲ” ဆိုတာပါပဲ။

အဲဒီလို အရည်အချင်းမဲ့ ညံ့ဖျင်းတဲ့‌ ခေါင်းဆောင်လက်အောက်မှာ အင်းဝနိုင်ငံတော်ကြီး အင်အားချည့်နဲ့လာချိန်မှာ အောက်မြန်မာနိုင်ငံက မွန်တို့ဌာနီ ဟံသာဝတီမှာ ဆင်မှုကျွမ်းကျင်လို့ အင်းဝမင်းက ဟံသာဝတီ-ပဲခူးရဲ့ ဆင်ဝန်ခန့်ထားသူ ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့အမည်နဲ့ နန်းတက်လာနိုင်ခွင့်ရတော့ ညီတော်အကြီးကို ဥပရာဇာဘွဲ့‌ပေး အိမ်ရှေ့အရာထား၊ ညီတော်အငယ်ကို ဗညားဒလဘွဲ့ပေးပြီး အင်းဝကို တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ပြင်လာခဲ့တယ်။

ဟံသာဝတီက ရေကြောင်း၊ ကြည်းကြောင်း အလုံးအရင်းနဲ့တကွ ချီတက်လာပြီး အင်းဝမြို့ကို ဝန်းရံလုပ်ကြံခဲ့ကြပါတယ်။ အင်အားချည့်နဲ့နေတဲ့ အင်းဝပြည်မှာ အများပြည်သူ ဆင်းရဲသားတွေ မင်းဆိုးမင်းညစ်လက်အောက် ကောင်းစွာအလုပ်မလုပ်နိုင်တာကြောင့် ဆန်ရေစပါး ရှားပါးငတ်မွတ်လို့ စစ်သည်တော်တွေ ကောင်းစွာမခုခံ မတိုက်ခိုက်နိုင်ဘဲ အင်းဝပျက်ကိန်း‌ ထောက်လို့ ဟံသာဝတီလက်‌အောက်ကို ကျရောက်ခဲ့ရတယ်။

ဒီလိုနဲ့ ၁၇၅၂ ခုနှစ်မှာ အင်းဝကျလို့ မဟာဓမ္မရာဇာဓိပတိမင်းဟာ ဆွေတော်မျိုးတော်တွေနဲ့တကွ ဟံသာဝတီသို့ ခေါ်‌ဆောင်ခံရပြီး အကျယ်ချုပ်ခံထားရာက ဟံသာဝတီဘုရင် ဗြမိုင်းဓိရာဇာက နောက်ရန်အေးစေဖို့ ၁၇၅၄ ခုနှစ် အောက်တိုဘာ ၁၃ ရက် ညနေမှာ အဆွေအမျိုးတွေနဲ့တကွ ရေချကာ ကွပ်မျက်ခဲ့တာကြောင့် မရှုမလှ အသက်ဆုံးရှုံးရပြီး ညောင်ရမ်းမင်းဆက် ပြတ်ခဲ့ရတာဖြစ်တယ်။

ကဲ အခု အင်းဝပျက်ကိန်းနဲ့ တထေရာတည်းတူနေတဲ့ စစ်အခွင့်ထူးခံတို့ ဇာတ်သိမ်းခန်းကို ပြန်ကြည့်ရအောင်။ စိတ်ဓာတ်ကညံ့၊ အရည်အချင်းမပြည့်မီတဲ့ ဟံသာဝတီ‌ရောက်မင်းနဲ့ စစ်ဓားပြ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တို့မှာ ဘုံတူညီတဲ့စိတ်ဓာတ်နဲ့ လုပ်ရပ်တွေ အများကြီးရှိတာ တွေ့ရပါတယ်။

၁) ပြည်သူတွေက လိုလားနှစ်သက်မှုမရှိဘဲ ယုံကြည်ကိုးစားမှုမရတာ၊

၂) ဗေဒင်၊ ယတြာတွေ၊ လောကီအစီအရင်တွေမှာ ယုံကြည်လိုက်စားတာ၊

၃) မဟာဓမ္မရာဇာဓိပတိ၊ လောကသရဖူ၊ သီရိသုဓမ္မဘွဲ့နဲ့ သတိုးမဟာသရေစည်သူဘွဲ့ စတဲ့ မတန်မရာ ဂုဏ်ထူးဘွဲ့ထူးတွေ ကိုယ့်ကိုယ်ကိုနဲ့ နောက်လိုက်လက်ပါးစေတွေကို ချီးမြှင့်တာ၊

၄) ပညာရှိတွေ၊ သူတော်ကောင်းတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊

၅) နိုင်ငံအတွင်း မတည်ငြိမ်မှုတွေဖြစ်၊ ပုန်ကန်မှုတွေပေါ်ပေါက်၊ နယ်မြေတွေဆုံးရှုံး‌စေတာ၊

၆) အရပ်လေးမျက်နှာမှာ စစ်တိုက်ပြီး ရန်သူဝိုင်းဝိုင်းလည်တာ၊

၇) အခွန်ဘဏ္ဍာရရှိမှုတွေ လျော့နည်း စီးပွားရေး ချွတ်ခြုံကျလာတာ၊

၈) လက်နက်လူသူအင်အားရိက္ခာ ချည့်နဲ့လာတာ၊

၉) မိမိတကိုယ်ကောင်းကြည့်ပြီး အာဏာယစ်မူးတာ၊

၁၀) လူဆိုးသူခိုးလူမိုက်တွေကို နေရာပေးတာ၊

၁၁) အကျင့်ပျက်ခြစားမှု တိုးပွားစေတာ၊

၁၂) ရာဇဝတ်မှုထူပြောစေပြီး တိုင်းသူပြည်သားတွေကို ဆင်းရဲဒုက္ခရောက်စေတာ၊

၁၃) အချိန်နဲ့အမျှ အာဏာသက်ရောက်မှု လျော့နည်းလာတာ၊

၁၄) အနာရောဂါတွေ ထူပြောလာတာ၊

၁၅) ကျေးဇူးတရားမသိတတ်တာ၊

၁၆) သစ္စာမဲ့တတ်တာ၊

၁၇) တရားဥပဒေစိုးမိုးမှုမရှိတာ၊

၁၈) သာသနာကိုဖျက်ဆီးတာ စတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရူးမင်းအောင်လှိုင်ဟာ ဘုရင်မိုက် ဟံသာဝတီရောက်မင်းထက် ပိုယုတ်ညံ့ပြီး မိုက်မဲတာ‌တွေကတော့

 ၁) ကတိမတည်တာ၊

၂)  လိမ်ညာမုသားဆိုတတ်တာ၊

၃) မိစ္ဆာဝါစာ ပိန်ဖျင်းတဲ့စကားဆိုတတ်တာ၊

၄) ကိုယ့်ပြည်သူကိုပြန်သတ်ဖြတ်တာ၊

၅) ကိုယ့်ပြည်သူရဲ့ အိုးအိမ် စားနပ်ရိက္ခာတွေကို မီးတိုက်ဖျက်ဆီးတာ၊

၆) ကိုယ့်ပြည်သူကို ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်အောင် ညှဥ်းဆဲနှိပ်စက်တာ၊

၇) စစ်ရာဇတ်မှုတွေ မရေတွက်နိုင်အောင် ကျူးလွန်စေတာ၊

၈) ပြည်သူ‌တွေရဲ့ လူဂုဏ်သိက္ခာကို စော်ကားတာ၊ 

၉) လူသားမျိုးနွယ်အပေါ် ကျူးလွန်တာ၊

၁၀) ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး အာဏာလုယူတာ၊

၁၁) ဘာသာရေးကို နိုင်ငံရေးမှာ ရောထွေးအသုံးချတာ၊

၁၂) သံဃာအသင်းကွဲ‌အောင်၊ ညီညွတ်မှုမရှိအောင် သွေးထိုးလှုံ့ဆော်တာ စတဲ့ မဟာအကုသိုလ်အပြစ်ကြီးတွေ ကျူးလွန်ခဲ့ပါတယ်။

ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မင်းဖြစ်ထိုက်တဲ့ အရည်အချင်းမရှိတဲ့ ဘုရင်မိုက် မဟာဓမ္မရာဇာဓိရဲ့ အမြော်အမြင်နည်းပါးမှုနဲ့ တာဝန်မဲ့မှုကြောင့် အင်းဝနိုင်ငံတော် အလုံးစုံပျက်သုဥ်းခဲ့ရပြီး သူနဲ့ သူ့မင်းမိဖုရား သားသမီး ဆွေတော်မျိုးတော်တွေအားလုံး ရေချကွပ်မျက်ခံရပြီး မရှုမလှ ဇာတ်သိမ်းခဲ့ရသလို စိတ်ဓာတ်သိမ်ဖျင်း၊ ဉာဏ်ပညာချို့တဲ့ အတွေးအခေါ်မမှန်၊ အရည်အချင်းမဲ့ ညံ့ဖျင်းတဲ့‌ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ဆင်ခြင်တုံတရားမဲ့စွာ အာဏာလုရုံသာမက တိုင်းသူပြည်သားတွေကို ဘီလူးသဘက်များသဖွယ် တရားမဲ့ သတ်ဖြတ်နှိပ်စက်တဲ့ လုပ်ရပ်တွေကြောင့် သူနဲ့ သူ့အသိုင်းအဝိုင်းအားလုံးဟာ အင်းဝပျက်ကိန်းထက် ပိုဆိုးမယ့် အဖြစ်မျိုးတွေ မရှုမလှ ကြုံတွေ့ရပြီး စစ်အခွင့်ထူးခံစနစ်ဆိုးကြီး ပြိုကျဇာတ်သိမ်းရမှာ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Categorie: Birmania - Myanmar

ယင်းမာပင်တွင် စစ်ကောင်စီတပ် မီးရှို့မှုကြောင့် နေအိမ် ၂ လုံးဆုံးရှုံး

Dom, 03/07/2022 - 4:55am

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေးမှာရှိတဲ့ နေအိမ်အချို့ကို ဇူလိုင် ၂ ရက် မနက် ၁၁  နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့ကြပြီး ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေး မြေဖွေးတောင်အနီး ကွေ့ချောင်းကျေးရွာပြည်သူတွေနေထိုင်တဲ့ နေအိမ် ၂ လုံး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေက အဲဒီနေအိမ်တွေက ပစ္စည်းတွေကိုလည်း ထော်လာဂျီ ၁ စီးနဲ့ ယူဆောင်သွားကြတာကြောင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၅၀၀ ဝန်းကျင် ရှိတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့က အခုလို လုပ်ဆောင်ခဲ့တာဖြစ်ပြီး မီးရှို့ဖျက်ဆီးပြီးနောက်ပိုင်း မွန်းတည့် ၁၂ နာရီဝန်းကျင်လောက်မှာ PDF အဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံပြည်သူတွေရဲ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများ ယူဆောင်သွားခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း ၅ မိုင်တိုးဂိတ်အနီးမှာ “ချိုမိုင်မိုင်” ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုနဲ့ Yinmarbin  Local PDF အဖွဲ့တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အရေအတွက်အတိကျကိုတော့ မသိရသေးဘူးလို့ ချိုမိုင်မိုင် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်း တပ်စွဲနေထိုင်လာတာ လနဲ့ချီ ကြာမြင့်နေပြီဖြစ်သလို နေထိုင်စဥ်ကာလအတွင်းမှာလည်း အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့ပစ္စည်းတွေ ယူဆောင်တာ၊ နေအိမ်အဆောက်အဦတွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Categorie: Birmania - Myanmar

ပခုက္ကူတွင် ငါးဖမ်းနေသည့် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

Dom, 03/07/2022 - 4:51am

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဇူလိုင် ၁ ရက်နေ့က  ငါးဖမ်းနေတဲ့ လူငယ် သုံးယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့ ဧရာဝတီတံတားနားမှာ ငါးဖမ်းနေတဲ့ ကုက္ကိုလှရွာက လူငယ် သုံးယောက်ကို စစ်ကောင်စီရဲ့ လှည့်ကင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြတာလို့ ပခုက္ကူမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပခုက္ကူမြို့ ဧရာဝတီတံတားနားနဲ့ မြစ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီး တွေ ရေကင်းလှည့်တာ သုံးရက်လောက်ရှိပြီ။ သူတို့က ဧရာဝတီတံတားနားက ရှင်းလင်းဆောင်မှာ တပ်စွဲထားပြီး ဖြတ်သွား ဖြတ်လာ ရေယာဥ်တွေကို တာပြီး ငွေတောင်းတာနေကြတယ်။”

အလားတူ မြစ်ခြေမြို့မှာလည်း ဇွန် ၂၉ ရက်က လူငယ် နှစ်ယောက်နဲ့ မိန်းကလေး တယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်PDF တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးကာ ဇွန် ၃၀ ရက်မှာလည်း ပခုက္ကူကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဟောင်းကို ဖမ်းဆီးသွားပါတယ်။

Categorie: Birmania - Myanmar

တမူး CDM ပြည်သူ့ရဲတပ်ဖွဲ့ထံ ပြည်သူကလှူဒါန်းသည့် လက်နက် ထပ်မံရောက်ရှိ

Dom, 03/07/2022 - 4:46am

စစ်ကိုင်းတိုင်း၊ တမူးမြို့အခြေစိုက် တမူး CMDပြည်သူ့ရဲတပ်ဖွဲ့အတွက် ပြည်သူလူထုက လှူဒါန်းတဲ့ လက်နက်တချို့ နောက်ထပ်ရောက်ရှိလာတယ်လို့ Fighter Police CDM Tamu တာဝန်ရှိသူက ပြောပါတယ်။

လက်နက်ဝယ်ယူရတာ ခက်ခဲပြီး သယ်ယူရမှာလည်း လမ်းကြောင်းအခက်အခဲတွေကြောင့် ကြာမြင့်နေတဲ့ လက်နက်တွေ ရောက်ရှိလာပြီလို့ဆိုပါတယ်။

Fighter Police CDM Tamu တာဝန်ရှိသူက “ အလှူရှင်များမှ လှူဒါန်းသော M4 16‌ သေနတ် ၂ လက် ၊ ကျည်ဘောက်(၁၂)၊ M16 A1တစ်လက်၊ ကျည်တောင့် 100 ၊ AK47 ကျည်100တို့ရောက်ရှိလာပါပြီ။‌ တိုက်ပွဲဝင်သေနတ်စုစု‌ပေါင်း ၄ လက်‌ ရှိလာပြီ။ အလှူရှင်တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ နောက်ထပ်လည်း လှူဒါန်းပေးကြပါဦး။”လို့ ပြောပါတယ်။

ဒီထက်ပိုပြည့်စုံတဲ့ လက်နက်တွေရရှိနိုင်ဖို့ ပြည်သူလူထုအနေနဲ့ တတ်နိုင်သရွေ့ပါဝင် လှူဒါန်းကြဖို့နဲ့ မိမိတို့တပ်ဖွဲ့ဘက်မှ စစ်အာဏာရှင်ကျဆုံးရေးအတွက်အစွမ်းကုန်တော်လှန်သွားမယ်လို့တမူး  PDF က ဆိုပါတယ်။

လတ်တလောမှာတော့ တမူးမြို့နယ်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်နေမှုကို ခံနေကြရပြီး စစ်ကောင်စီတပ်နဲ့  တမူး PDF တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

တမူးမြို့နယ်နဲ့ ကလေးမြို့နယ်ကြားမှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်း ထိုးနေပြီး ကလေး-တမူးလမ်းပိုင်းမှာ စစ်ရေး တင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ ဇွန်လ‌ နှောင်းပိုင်းကစလို့ ကလေး-တမူး လမ်းကြောင်းကို ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ကိုလည်း တမူး PDF က သတိပေးထားပါတယ်။

Categorie: Birmania - Myanmar

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

Dom, 03/07/2022 - 4:42am

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဇူလိုင် ၂ ရက် ညနေပိုင်းက ဝိုင်းဖွဲ့ထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၂ ယောက်လောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ( CDSOM )က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာမှာ တစ်ညအိပ် နှစ်ရက် တပ်စွဲခဲ့ပြီးနောက် စစ်ကြောင်းပြန်လည်ထွက်ခွာလာရာ ချောင်းဦးမြို့နဲ့ ငါးယှန်ကျေးရွာအကြား ထန်းတောထဲရှိ အပင်အောက်မှာ အုပ်စုလိုက်ဝိုင်းဖွဲ့ထိုင်နေစဉ် တိုက်ခိုက်ခံရတာလို့ သိရပါတယ်။

CDSOM အဖွဲ့ မှာ တာဝန်ရှိသူတစ်ဦးက”သူတို့က စစ်ကြောင်းထွက်ရင်း အပင်အောက်မှာ အုပ်စုလိုက်ဝိုင်းဖွဲ့ ထိုင်နေတော့ သေဖို့ လူစုလိုက်သလို ဖြစ်သွားတာ။ မျက်မြင်ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး နဲ့အထက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ် ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ သေဆုံးတဲ့အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒုတိယတိုက်ခိုက်မှုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းဟာ မှန်ချိုကျေးရွာရဲ့ အရှေ့ဘက်ကို ဆက်လက်ထွက်ခွာလာရာမှာ မုံရွာ – မန္တလေးလမ်းပေါ်ရှိ မောင်းနှင်လာတဲ့ တွဲကားတစ်စင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ လောက်က ကနဦးတားဆီးလိုက်ပါဖို့ ပြုလုပ်နေစဉ် ဒရုန်းနဲ့တိုက်ခိုက်ရာမှာတော့ စက်ချို့ယွင်းမှုကြောင့် မအောင်မြင်ခဲ့ရကြောင်း သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို  CDSOM ရဲ့ Drone Team၊ CDSOM ရဲ့မြောက်ပိုင်းတိုက်ခိုက် ရေးနှင့်ကာကွယ်ရေးအဖွဲ့ 012၊ CDSOM ရဲ့မြောက်ပိုင်းတိုက်ခိုက်ရေးနှင့်ကာကွယ်ရေးအဖွဲ့ BSK၊ Young Fighter People’s Defence Force of Myaung၊ Shwe – Ao Revolution Force၊ Chaung U Middle Wolves Army၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – CHUPDF၊ Black Eagle Defense Force – MMU မြင်းမူလင်းယုန်နက်ကာကွယ်ရေးအဖွဲ့၊ Myinmu Civil Revolution Force – CRF မြင်းမူမြို့နယ်တော်လှန်ရေးတပ်ဖွဲ့၊ MPTF မုံရွာကာကွယ် ရေးအဖွဲ့၊ Chaung U Revolution Army ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်ခွဲ (၂)နဲံ PDF-Taloke စတဲ့ ညီနောင်မဟာမိတ်အဖွဲ့ ၁၂ ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Categorie: Birmania - Myanmar

မင်းကင်းမြို့နယ်တွင် မိုင်းနင်းမိပြီး ရွာသား ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

Dom, 03/07/2022 - 4:38am

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှာ ဇူလိုင် ၂ ရက်မနက် ၆ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် ထွက်ပြေးခဲ့တဲ့ ရွာသားတွေ မိုင်းနင်းမိပြီး  တယောက်သေဆုံး၊ သုံးယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ ယုံသာကျေးရွာနေ ပြည်သူတွေဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ သုံးယောက်ကတော့ မင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “အခုလိုဖြစ်ရတဲ့အကြောင်းဟာ တောင်ယာတောကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ယုံသာကျေးရွာဘက်ကိုဦးတည်ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် တောင်ယာတောကျေးရွာနေပြည်သူတွေက ကြောက်လန့်တကြီး ထွက်ပြေးရာကနေ ဘယ်အဖွဲ့အစည်းထောင်ထားမှန်းမသိတဲ့ မိုင်းကိုနင်းမိပြီး မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာ”လို့ ပြောပါတယ်။

မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ စစ်ရေးတင်းမာနေပြီး ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်ကလည်း တောင်လက်ဒေသ ကူလဲအနောက် ဘုရားထွက်နယ်မြေအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၂ နာရီလောက်အထိ ဖြစ်ပွားတာရှိခဲ့ပါတယ်။

တိုက်ပွဲမှဦ စစ်ကောင်စီဘက်က သုံးယောက်သေဆုံး ခြောက်ယောက်ဒဏ်ရာရရှိခဲ့သလို PDF ပူးပေါင်းအဖွဲ့ဘက်က ရဲဘော် ဇင်မျိုးအောင် ကျဆုံးခဲ့တယ်လို့ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

Categorie: Birmania - Myanmar

ကျောက်တော်မြို့နယ်က မိုင်းထိလူနာ ၁ ဦး စစ်တွေဆေးရုံတွင် သေဆုံး

Dom, 03/07/2022 - 4:35am

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းထိလို့ စစ်တွေပြည်သူ့ဆေးရုံကြီးကိုတင်ထားရတဲ့ ဝက်မှိုင်းကျေးရွာသား ဦးသန်းစိန်မောင်(၄၅နှစ်)ဟာ ဇူလိုင်  ၂ ရက်မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

မိသားစုဝင် တစ်ဦးက “ နေ့လယ် ၃ နာရီလောက်မှာ ဆုံးသွားတာ။ ညာဘက်ခြေက အခင်းဖြစ်တဲ့ နေရာမှာတင် ပြတ်သွားတာပါ။ ဘယ်ဘက်ခြေကလည်း ပြင်းထန်တဲ့ဒဏ်ရာ ရထားတာကြောင့် ဓာတ်မှန်ရိုက်ပြီး ဖြတ်ဖို့အတွက် ပြင်ဆင်နေတုန်းမှာ ဆုံးသွားတာဖြစ်တယ်။ စိတ်တော့ တော်တော်လည်း မကောင်းဖြစ်ရတယ်” လို့ပြောပါတယ်။

ဦးသန်းစိန်မောင်ဟာ ဇူလိုင် ၁ ရက်က ကျေးရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ခမရ(၃၇၅)အနီး နွားကျောင်းနေစဉ် တပ်ဧရိယာနားရောက်သွားတဲ့ နွားနောက်ကို လိုက်သွားရာမှာ မြေမြှုပ်မိုင်းနင်းမိပြီး ကျောက်တော်ဆေးရုံးက တဆင့် စစ်တွေ ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်လိုက်တာဖြစ်ပါတယ်။

မေ ၁ ရက်ကနေ ဇူလိုင် ၂ ရက် အတွင်း ရခိုင်ပြည်နယ်က မြို့နယ်  ခြောက်ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြေမြှုပ်မိုင်းထိပြီး သေဆုံးသူ ငါးယောက် အထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ယောက် အထိရှိပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်သူတွေ စိုးရိမ်စိတ်မြင့်တက်နေကြပါတယ်။

Categorie: Birmania - Myanmar

မြေထဲပင်လယ်ဓာတ်ငွေ့တွင်းသို့ ဦးတည်လာသည့် ဒရုန်း ၃ စင်းကို အစ္စရေးပစ်ချ

Dom, 03/07/2022 - 4:20am

လက်ဘနွန်နိုင်ငံထဲကနေ အစ္စရေးရဲ့ မြေထဲပင်လယ် ဓာတ်ငွေ့တွင်းတစ်ခုသို့ ဦးတည်ခဲ့တဲ့ ဒရုန်း ၃ စင်းကို ဇူလိုင် ၂ ရက်က အစ္စရေးက ပစ်ချခဲ့ပြီး ဒရုန်းလွှတ်တာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ လုပ်ရပ်လို့ အစ္စရေးက စွပ်စွဲလိုက်ပါတယ်။

ကာရစ်ရှ် ဓာတ်ငွေ့တွင်းတူးစင် တည်ရှိရာနေရာနဲ့ စပ်လျဉ်းပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေ ကြားမှာ လက်ဘနွန်က ချက်ခြင်း တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။

ရေကြောင်းနယ်နိမိတ်ကို သဘောတူဖို့ အမေရိကန်က ဖျန်ဖြေပေးရေး ကြိုးစားနေတာလည်း ကြာနေပါပြီ။

အစ္စရေးရဲ့ စီးပွားရေးရေပိုင်နက်အပေါ်က ဝေဟင်ပိုင်နက်ထဲ ဝင်လာတဲ့ ရန်လိုတဲ့ မောင်းသူမဲ့ ဒရုန်းယာဉ် UAV သုံးခုကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒရုန်းတွေက လက်နက်တပ်ဆင်မထားဘူးလို့ အစ္စရေး လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ပြောပေမယ့် စစ်တပ်က ချက်ချင်းအတည်မပြုခဲ့ပါဘူး။ 

ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က ဒုံးကျည်ပစ်လွှတ်မှုနောက်ကွယ်မှာ ဟစ်ဇ်ဘိုလာတွေ ရှိနေတယ်လို့ စွပ်စွဲပါတယ်။

ဟဇ်ဘိုလာတွေဟာ လက်ဘနွန်နိုင်ငံအတွက် စီးပွားရေးနဲ့ ကြွယ်ဝချမ်းသာရေးမှာ မရှိမဖြစ် အရေးကြီးတဲ့  ပင်လယ်ရေကြောင်း နယ်နိမိတ်နဲ့ စပ်လျဉ်းတဲ့ သဘောတူညီချက် မရအောင် ဟန့်တားထားတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စနေနေ့က ကြားဖြတ်ဟန့်တားမှုဟာ ဝင်လာတဲ့ ပစ်မှတ်ကို အစ္စရေးရေတပ်သင်္ဘောပေါ်မှာ တပ်ဆင်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကနေ ပထမဆုံးအကြိမ် ပစ်ချတာလို့ အစ္စရေး စစ်တပ်က ပြောခဲ့ပါတယ်။ 

Categorie: Birmania - Myanmar

ရီယန်လေကြောင်းလိုင်းဝန်ထမ်းများ ဆန္ဒပြမှုကြောင့် လေကြောင်းခရီးစဉ် ၁၀ ခု ဖျက်သိမ်း

Dom, 03/07/2022 - 4:15am

ရီယန်အဲရ် လေကြောင်းလိုင်းရဲ့ စပိန်အခြေစိုက် လေယာဉ်အမှုထမ်းတွေဟာ  ဇူလိုင် ၂ ရက်နေ့က ကုမ္ပဏီကို ဖိအားပေး ဆန္ဒပြခဲ့ကာကြောင့် လေကြောင်းခရီးစဉ် ၁၀ ​​ခုကို ဖျက်သိမ်းလိုက်ရပါတယ်။

ဇွန် ၃၀ ရက်မှာစခဲ့တဲ့ လေယာဉ်အမှုထမ်းတွေရဲ့ လက်ရှိသပိတ်မှောက်မှု နောက်ဆုံးနေ့မှာခုလို လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရတာပါ။

သပိတ်ကြောင့် ဘဲလာရစ်ကျွန်းတွေပေါ်က ပယ်လ်မာဒေမော်လိုကာလေဆိပ်မှာ ကမ္ဘာလှည့် ခရီးသည်တချို့ အံ့အားသင့်ခဲ့ကြပေမဲ့  အနှောင့်အယှက်တော့ မဖြစ်ခဲ့ပါဘူး။

ရီယန်အဲရ်လေကြောင်းလိုင်း အမှုထမ်းတွေက လုပ်ငန်းခွင်အခြေအနေ ပိုကောင်းရေး တောင်းဆိုဖို့ ဇူလိုင်လထဲမှာ နောက်ထပ် ၁၂ ရက်ကြာ ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ USO နဲ့ SICTPLA သမဂ္ဂတွေက ဇူလိုင် ၂ ရက်မှာ ပြောခဲ့ပါတယ်။

လေယာဉ်အမှုထမ်းတွေဟာ ဇူလိုင် ၁၂ ရက်မှ ၁၅ ရက်၊ ဇူလိုင် ၁၈ ရက်မှ ၂၁ ရက်နဲ့  ဇူလိုင် ၂၅ ရက်မှ ၂၈ ရက်တွေမှာ ရီယန်အဲရ်လေကြောင်းလိုင်း ပြေးဆွဲတဲ့ စပိန်လေဆိပ် ၁၀ ခုမှာ သပိတ်မှောက်မယ်လို့ သမဂ္ဂတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

Categorie: Birmania - Myanmar

ဟောင်ကောင်ကမ်းလွန်တွင် မုန်တိုင်းတိုက်ခတ်သဖြင့် သင်္ဘော ၁ စင်း နစ်မြုပ်

Dom, 03/07/2022 - 4:09am

ဟောင်ကောင်ကမ်းလွန်မှာ လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားလို့ သင်္ဘောတစင်း ဇူလိုင် ၂ ရက်က နစ်မြုပ်သွားပါတယ်။

ကယ်ဆယ်ရေးသမားတွေက လှိုင်းပုတ်နေတဲ့ ရေထဲ သင်္ဘောလုံးလုံး မနစ်မြုပ်မီ သင်္ဘောသား​တွေ ဘေးကင်းစေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ 

ဟောင်ကောင်အစိုးရဌာနက သင်္ဘောပေါ်က သင်္ဘောသားတွေကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်နေတဲ့ ဗီဒီယိုကို ထုတ်ပြန်ခဲ့ပါတယ်။ 

သင်္ဘောပေါ်မှာ လူ ၃၀ လိုက်ပါခဲ့ပြီး သုံးယောက်ကို ကယ်ပြီးဖြစ်ပေမဲ့ တခြားဝန်ထမ်းတွေကို လိုက်ရှာနေတုန်းပဲလို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ 

မုန်တိုင်း ချာဘာဟာ ဟောင်ကောင်ရဲ့ အနောက်တောင်ဘက် မိုင် ၂၀၀ အကွာမှာ ဖြတ်သန်းဝင်ရောက်နေတုန်းပါ။

ချာဘာ မုန်တိုင်းကြောင့် မိုးကြီးပြီး လေပြင်းတွေ တိုက်ခတ်နေလို့ ကမ္ဘာ့ ဘဏ္ဍာရေး အချက်အချာ ဟောင်ကောင်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့  စီးပွားရေးလုပ်ငန်း အများအပြားကို ပိတ်ပစ်ခဲ့ရ ပါတယ်။ 

တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကျန့်ကျားမြို့နားကနေ ချာဘာမုန်တိုင်းက ကုန်းတွင်းပိုင်းဆီ ဝင်မှာဖြစ်လို့ ဟောင်ကောင်ရဲ့ မိုးလေဝသခန့်မှန်းသူတွေက မုန်တိုင်းသတိပေးချက်ကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းမှာ အဆင့်၃ ထိလျှော့ချခဲ့ပါတယ်။

Categorie: Birmania - Myanmar

ယင်းမာပင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်

Gio, 30/06/2022 - 5:45am

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက ဇွန် ၂၈ ရက် ညနေပိုင်းက တကြိမ်နဲ့ ဇွန် ၂၉ ရက် ညနေ ၃ နာရီလောက်ကတကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဥ်မှာ အဝေးပစ်လက်နက်ကြီးတွေ အပါအဝင် လက်နက်ငယ်တွေနဲ့ပါ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ပစ်ခတ်မှုအတွင်း ထိခိုက်ကျဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုတိုက်ခိုက်ခဲ့တာဟာ အမိမြေတော်လှန်ရေးတပ်ဖွဲ့နဲ့အတူ KLG, Alpha, Triple Two, Dragon Brother Task Force, Yoma Fighter, ဗျတ္တညီနောင် မဟာမိတ် PDF အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ၄၀ မမ၊ ၆၀ မမတွေအပြင် မောင်းပြန်လက်နက်ငယ်တွေလည်း ပါဝင်ခဲ့သလို စနိုက်ပါနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ အမိမြေတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဝဏ္ဏက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲမှာ PDF ဘက်က စနိုက်ပါနဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁ ဦး ကျဆုံးတာကို အတည်ပြုလို့ရပြီး တခြားထိခိုက်မှုတွေလည်း ရှိပေမဲ့ အရေအတွက် အတိအကျ မသိရသေးကြောင်းနဲ့ တိုက်ခိုက်ရေးမှာ မိမိတို့ဘက်က လက်ဦးမှုရယူ ပစ်ခတ်ခဲ့တာကြောင့် PDF ပူးပေါင်းအဖွဲ့ဘက်မှာတော့ ထိခိုက်မှုတစုံတရာ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်းကို တပ်စွဲနေထိုင်လာတာ ၄ လကျော်ရှိနေပြီဖြစ်ပြီး တပ်စွဲနေထိုင်စဥ်အတွင်းမှာလည်း PDF အဖွဲ့တွေရဲ့ တိုက်ခိုက်တာကို မကြာခဏခံနေရကာ အနီးဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေရဲ့ပစ္စည်းတွေကို ယူဆောင်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘန့်ဘွေးရွာမကျေးရွာဟာ မုံရွာ-ယာကြီး-ကလေးဝ လမ်းမကြီးဘေးမှာ တည်ရှိပြီး အဲဒီလမ်းပိုင်းကိုလည်း ပြည်သူတွေအနေနဲ့ သွားလာတာတွေ မပြုလုပ်ကြဖို့ PDF အဖွဲ့တွေက သတိပေးကြေညာထားပါတယ်။

Categorie: Birmania - Myanmar

လွယ်ဂျယ်-ဗန်းမော်လမ်းပိုင်းတွင် လမ်းနှင့်တံတားများပျက်စီးပြီး ခရီးသွားလာမှုပြတ်တောက်

Gio, 30/06/2022 - 5:15am

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ တရုတ်ပြည်နယ်စပ် လွယ်ဂျယ်မြို့ကိုသွားတဲ့လမ်းပိုင်းမှာ ဇွန်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် လမ်းတွေနိမ့်ကျပျက်စီးခဲ့ပြီး တံတားတချို့ ကျိုးကျသွားခဲ့ကာ မော်တော်ယာဉ်တွေ သွားလာဖို့ ခက်ခဲတဲ့အတွက် အသွားအလာ ပြတ်တောက်ခဲ့တယ်လို့ လွယ်ဂျယ် ဗန်းမော် ကားမောင်းသူတွေက ပြောပါတယ်။

ဇွန် ၂၉ ရက် နေ့လယ်ပိုင်းက ကားလမ်းမိုင်တိုင်အမှတ် ၄၄ နားမှာ လမ်းပိုင်းမြေကြီးကျွံ နိမ့်ကျသွားခဲ့တာ လမ်းအရှည် ပေ ၁၂၀ လောက်ထိ ရှိခဲ့တယ်လို့ ကားကြီးယာဉ်မောင်းတဦးက ပြောပါတယ်။

“မိုးတွေရွာနေတာ ၄ ရက်ဆက်တိုက်ရှိနေပြီ။ လမ်းက ပျက်စီးနေတာ ကြာပါပြီ။ အခုကတော့ သွားလို့မရအောင်ကို ဖြစ်သွားခဲ့တာ။”

အလားတူ မိုင်တိုင်အမှတ် ၂၈၊ ၂၉ ကြား တောင်ကျချောင်းပေါ်မှာ တည်ဆောက်ထားတဲ့ ပေ ၃၀ အရှည်ရှိ ဘေလီသံဘောင်သစ်သား ကြမ်းခင်းတံတားမှာလည်း တောင်ကျချောင်းရေ တိုက်စားခဲ့ပြီး ပြိုကျပျက်စီးသွားတာကြောင့် မော်တော်ယာဉ်တွေ သွားမရတော့ဘူးလို့ သိရပါတယ်။

အမည်မဖော်လိုသူ ကားသမားတဦးက “တာဝန်ရှိတဲ့ ဒေသအာဏာပိုင်တချို့ကိုတော့ တင်ပြထားတယ်။ အခုချိန်ထိတော့ အကြောင်းမထူးသေးဘူး” လို့ ပြောပါတယ်။

တရုတ်ပြည်ကို ကုန်သွယ်ကူးသန်းရာ အဓိကလမ်းမကြီးဖြစ်တဲ့ ဗန်းမော်-လွယ်ဂျယ် မိုင် ၅၀ ကျော်ခန့်ရှိ လမ်းပိုင်းကို အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က တရုတ်ကုမ္ပဏီ ဟုန်ရှင်းကျန်းဖက တာဝန်ယူဆောက်လုပ်ဖို့ လက်မှတ်ထိုးထားပေမဲ့ ကိုဗစ်ကာလမှာ တရုတ်လုပ်သားနဲ့ အလုပ်ရှင်တွေ တရုတ်နိုင်ငံ ပြန်သွားတဲ့အတွက် ရပ်ဆိုင်းခဲ့ရသလို အခုလည်း စစ်တပ်က အာဏာသိမ်းခဲ့တာ‌ကြောင့် ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

Categorie: Birmania - Myanmar

ယူကရိန်း‌ ဈေးဝယ်စင်တာကို ရုရှားတိုက်ခိုက်မှု ပုပ်ရဟန်းမင်းကြီး ရှုတ်ချ

Gio, 30/06/2022 - 5:06am

ယူကရိန်းနိုင်ငံအလယ်ပိုင်း ခရင်မင်ချော့ခ်မြို့က လူစည်ကားတဲ့ ဈေးဝယ်စင်တာကို ရုရှားက အမြောက်နဲ့ ပစ်ခဲ့တာဟာ “ရိုင်းစိုင်းတဲ့ တိုက်ခိုက်မှု” လို့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ဇွန် ၂၈ ရက်က မိန့်ကြားပါတယ်။

“နေ့စဉ်နေ့တိုင်းမှာ ကိုယ်တော့်စိတ်က ချစ်လှစွာသော ယူကရိန်းနဲ့အတူ၊ အာဇာနည်တွေနဲ့အတူ ရှိနေပါတယ်။ ခရင်မင်ချော့ခ်မြို့မှာ ဈေးဝယ်စင်တာကို တိုက်ခိုက်လိုက်တာမျိုး အရိုင်းအစိုင်းဆန်တဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံနေရတဲ့ ယူကရိန်းနဲ့အတူ ရှိနေပါတယ်။ ဒီ ရူးသွပ်တဲ့စစ်ပွဲ မြန်မြန်ပြီးသွားဖို့ ဆုတောင်းပါတယ်” လို့ မိန့်ကြားသွားတာပါ။

ဇွန် ၂၇ ရက်က ရုရှားဘက်က မစ်ဇိုင်းဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၈ ယောက် သေဆုံးပြီး ၆၀ လောက် ဒဏ်ရာရသွားတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

ဒုံးကျည်ကျရောက်ပေါက်ကွဲတဲ့အချိန်မှာ ဈေးဝယ်စင်တာထဲ အနည်းဆုံး လူ ၁,၀၀၀ လောက် ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

ခရင်မင်ချော့ခ်မြို့မှာ လူဦးရေ နှစ်သိန်းတသောင်းကျော်ရှိပြီး ယူကရိန်းရဲ့ အကြီးဆုံး ရေနံချက်စက်ရုံရှိတဲ့မြို့ ဖြစ်ပါတယ်။

ရုရှားဘက်ကတော့ စစ်ရေးပစ်မှတ်တွေအား တိုက်ခိုက်တာဖြစ်ပြီး ဈေးဝယ်စင်တာကို တိုက်ခိုက်တာမျိုး မရှိဘူးလို့ ငြင်းထားပါတယ်။

Categorie: Birmania - Myanmar

ကသာမြို့နယ်၌ စစ်ကောင်စီသင်္ဘော ပစ်ခတ်ခံရပြီးနောက် ရွာသားများကို ဖမ်းဆီး စစ်ဆေးနေ

Gio, 30/06/2022 - 5:02am

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာရွာကို စစ်ကောင်စီတပ်တွေက ဇွန် ၂၉ ရက်မှာ ဝင်ရောက်လာပြီး ရွာသား ၃၀ ဝန်းကျင်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မနေ့မနက်ပိုင်းက မင်းလယ်ရွာကနေ သံခွန်မော်တော်ကို ချောဆွဲပြီး ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မိုးတား‌‌ကျေးရွာ အရောက်မှာ KIA နဲ့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက  စောင့်ကြိုက်တိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်က မိုးတာရွာကို ကမ်းကပ်ကာ ရွာထဲဝင်လာပြီး  ရွာသားတွေကို ဖမ်းဆီးစစ်ဆေးနေတာ ဖြစ်ပါတယ်။

ဖမ်းဆီခံရသူတွေဟာ ဇွန် ၂၉ ရက် ညပိုင်းအထိ  လွတ်မြောက်ခြင်းမရှိသေးဘူးလို့ ကသာ ပကဖ တာဝန်ခံက ပြောပါတယ်။

“သူတို့(စကစ) စီးလာတဲ့ သ‌‌င်္ဘော အပစ်ခံရတော့ ပြန်လှည့်ပြီးဆင်းသွားတယ်၊ ပြီးတော့ ရွာအောက်ဘက်ကို ကပ်ပြီးတော့ ရွာထဲကိုပြန်ဝင်လာတယ်၊ ရွာထဲဝင်လာတော့တွေ့တဲ့သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရတယ်။ ပြည်သူ ၃၀ ဝန်းကျင်လောက်ဖြစ်မယ်။ အခုထိ သတင်းရရှိတာက ပြန်မလွတ်သေးဘူး။”

စစ်ကောင်စီသင်္ဘော စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုရှိနိုင်ပေမဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေတော့  အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးတားရွာဟာ စစ်ကောင်စီတပ်သားတွေ မကြာခဏ ဝင်ရောက်လေ့ရှိတာကြောင့် ကျေးရွာက ပြည်သူအများစုဟာ အရင်ကတည်းက တိမ်းရှောင်နေပေမဲ့ အခုဖမ်းခံရတဲ့သူတွေဟာ မတိမ်းရှောင်ဘဲ ရွာထဲနေထိုင်နေတဲ့ သူတွေဖြစ်တယ်လို့လည်းသိရပါတယ်။ မိုးတားရွာဟာ အိမ်ထောင်စု ၁၅၀၀ ဝန်းကျင်နေထိုင်တဲ့ရွာ ဖြစ်ပါတယ်။

ဇွန် ၂၈  ရက်ကလည်း ကသာမြို့နယ် မင်းလယ်ရွာအနီးမှာ စစ်ကောင်စီတပ်သားတွေနဲ့ KIA၊ ပကဖ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

ကသာမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်ကြောင်းတွေခွဲပြီး သွားလာလှုပ်ရှားနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား စစ်‌ရေးတင်းမာနေပြီး နေစဥ်နေတိုင်း ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

Categorie: Birmania - Myanmar

ကလေးမြို့တွင် CDM ကျောင်းဆရာမ ၁ ဦး ဖမ်းဆီးခံရ

Gio, 30/06/2022 - 5:01am

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက် နယ်မြေ ၅ မှာ နေထိုင်တဲ့ CDM ကျောင်းဆရာမတဦးကို စစ်ကောင်စီတပ်သားတွေက ဇွန် ၂၈ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ “May San” အကောင့်ကနေ “များများသေလေ ကျည်ဖိုးသက်သာလေပဲ” ဆိုပြီး Comment ရေးသားထားတာကြောင့် အကောင့်ပိုင်ရှင် ကျိမ်ချမ်းဟုန်(ခ)စန်းစန်း (CDM ကျောင်းဆရာမ) အား ဖမ်းဆီးထိန်းသိမ်း အရေးယူခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းမီဒီယာကနေ ထုတ်ပြန်ပါတယ်။

အဖမ်းဆီးခံရတဲ့ CDM ကျောင်းဆရာမကို စစ်ကောင်စီတပ်သားတွေက ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ခေါ်ဆောင်သွားပြီး အခုချိန်ထိ အဆက်အသွယ်မရသေးဘူးလို့ ဆရာမနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အခုလို ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကလေးမြို့ခံတဦးက “သူတို့တွေက ဖေ့စ်ဘွတ်မှာ စောင့်ကြည့်နေကြတာ။ အခုချိန်မှာ ကိုယ့်အကောင့်ကို လော့ချထားတာ အကောင်းဆုံးနဲ့ အလုံခြုံဆုံးပဲ။ ဖေ့စ်ဘွတ်သုံးနေတဲ့သူတွေအနေနဲ့ မရေးကြတာ အကောင်းဆုံးပဲ။ အဖမ်းခံရရင် မလွယ်ဘူး။ သူတို့လက်ထဲရောက်ရင် သူတို့သဘောဖြစ်သွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့ပေါ်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏပြုလုပ်နေပြီး ဒေသခံတွေကိုလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်တာတွေ ပြုလုပ်နေတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါ လတ်တလော ထိုးစစ်ဆင်နေပြီး ကျေးရွာနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က‌ အာဏာသိမ်းပြီးနောက် ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀‌ ဝန်းကျင်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀ ကျော်ရှိနေပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စစ်တမ်းအရ သိရပါတယ်။

Categorie: Birmania - Myanmar

ပုသိမ်ထောင်က နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာပေးပို့မှု စစ်ကောင်စီကန့်သတ်

Gio, 30/06/2022 - 4:59am

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဇွန် ၂၆ ရက်နေ့က စတင်ကာ ထောင်ဝင်စာပေးပို့မှု ကန့်သတ်ခဲ့တယ်လို့ အကျဉ်းထောင်အသိုင်းဝိုင်းက ပြောပါတယ်။ 

စစ်ကောင်စီက အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပေးပို့မှု ကန့်သတ်ဖို့ တကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေအပါအဝင် ကျန်းမာရေးအတွက် ဆေးဝါးတွေ ပေးပို့မှုဖို့ကာ ကန့်သတ်ဖို့ ညွှန်ကြားခဲ့တာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

“ကန့်သတ်လိုက်တာက အစားအသောက်တွေရော၊ ဆေးဝါးတွေရော၊ အသုံးဆောင်ပစ္စည်းတွေရောပေါ့။ ပြောရရင် အားလုံးနီးပါး ကန့်သတ်လိုက်တာ။ အရင်က ကော်ဖီမစ် အထုပ်ကြီး ၁ ထုပ်ပို့လို့ရရင် ခု ၇ ထုပ်ပဲ ပို့လို့ ရတော့တယ်” လို့ ပြောပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပေးပို့မှု စစ်ကောင်စီက ကန့်သတ်ခဲ့သလို အကျဉ်းထောင်ဝန်ထမ်းတွေကို ဝယ်ယူပေးဖို့အတွက်လည်း ၁ ပတ်ကို ငွေ ၂၅၀၀၀ ကျပ်ဖိုးအထိသာ ခွင့်ပြုတဲ့ သတ်မှတ်ချက်တွေနဲ့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။ 

ကျန်းမာရေးနဲ့ပတ်သက်ပြီး ဖျားနာလို့ ဆေးတွေပေးပို့ခြင်းရင်တောင် ဆေးလက်မှတ် ထောက်ခံချက်ရှိမှ ပေးပို့လို့ရမှာဖြစ်သလို ပေးပို့လာတဲ့ဆေးတွေကိုလည်း အကျဉ်းသားတွေကို သိမ်းဆည်းခွင့်မပေးဘဲ အကျဉ်းထောင်မှာရှိတဲ့ ဆရာဝန်ဆီအပ်နှံရမှာဖြစ်ပြီး အကျဉ်းထောင်ဆရာဝန်ရဲ့ ခွင့်ပြုချက်ရမှာသာ သုံးစွဲရမယ်ဆိုတဲ့ အချက်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Categorie: Birmania - Myanmar

ပုလောမြို့နယ် ကျေးရွာ ၃ ခုတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်

Gio, 30/06/2022 - 4:40am

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် နန်းတောင်၊ မကျည်းကုန်း၊ ပုလောကုန်းကျေးရွာများမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဇွန် ၂၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပုလောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“နန်းတောင်၊ မကျည်းကုန်း၊ ပုလောကုန်းရွာ အဲသုံးရွာမှာ ဒီနေ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။ သုံးနေရာလုံးက ဒီနေ့ နေ့လယ် ၁နာရီလောက်မှာ ဖြစ်ကြတယ်၊ နန်းတောင်မှာ ဖြစ်နေတာကတော့ ဒီနေ့ပါဆိုရင် သုံးရက် ရှိပါပြီ။”

ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်တပ်ဖွဲ့က တဦး လက်မှာ မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

“ထိခိုက်မှုကတော့ အသေးစိတ်မသိရသေးပါဘူး။ မကျည်းကုန်းရွာမှာ ဖြစ်တာတော့ မျက်မြင်မို့ တယောက်အတည်ပြုလို့ရပါတယ်။ ဒီထက်ပိုပါတယ်။” 

ဒေသခံတစ်ဦးက “၂၇ ရက်နေ့က နန်းတောင်စစ်တပ်ဂိတ် အပစ်ခံရတော့ ဒီနေ့ မကျည်းကုန်းဘက်လမ်းနဲ့ နန်းတောင်ဘက်လမ်းကနေ စစ်ကြောင်း ၂ ကြောင်းတက်လာတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ နေရာဟာ မြိတ်ကနေလာရင် ပုလောမြို့အဝင် ဆိုင်းဘုတ်ရှိတဲ့နေရာဖြစ်ပြီး ခလရ (၂၈၅) တပ်ရင်း အခြေစိုက်စခန်း တည်ရှိရာ မကျည်းကုန်းရွာအနီးမှာ ရှိတဲ့ စစ်တပ်ရဲ့ ဂိတ်စခန်းဖြစ်တယ်လို့ ဒေသခံတဦးက ရှင်းပြပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေမှုကြောင့် နန်းတောင်ရွာ၊ မော်မိရွာ၊ ဂျင့်ဂါရွာ၊ ဒူးရင်းပင်ရှောင်ရွာ၊ ဝက်တိုးရွာနဲ့ ပုလောကုန်းရွာရှိ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“အဆိုးဆုံးက ၂၈၅ တပ်ရဲ့တောင်ပေါ်ကနေ ရွာတွေဆီ လက်နက်ကြီး လှမ်းထုနေတာပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် မွန်းလွဲ ၃ နာရီလောက်မှာ စစ်ကောင်စီဘက်က လေယာဥ်တစီး ကင်းထောက်ပျံဝဲနေတာကို တွေ့ရပြီး ပုလောကုန်း၊ နတ်အိမ်တောင်ဘက်မှာ လေယာဉ်ပေါ်ကနေ ဗုံးနှစ်လုံးချခဲ့တယ်လို့ ကြားသိရကြောင်း ဒေသခံတဦးက ပြောပါတယ်။

ဇွန် ၂၇ ရက်နေ့က နန်းတောင်ရွာမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Categorie: Birmania - Myanmar

ဗန်းမောက်၌ KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

Gio, 30/06/2022 - 4:30am

စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက်မြိုနယ် စီးမော်ရွာနဲ့ သောင်ကြီးရွာအနီး ဇွန် ၂၉ ရက်နေ့ မနက်က စစ်ကောင်စီတပ်တွေနဲ့ KIA၊ ကသာတပ်ရင်း(၂) ဗန်းမောက် PDF၊ အင်းတော် PDF၊ ဒေသတွင်း ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

တိုက်ပွဲအတွင်း ပူးပေါင်းတပ်ဘက်က ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ စစ်ကောင်စီဘက်က တပ်သား ၅ ယောက်သေဆုံး၊ ၅ ယောက် အရှင်ဖမ်းမိပြီး လက်နက်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ Banmauk Revolution-BR က ထုတ်ပြန်ထားပါတယ်။

“ဖမ်းဆီးရမိထားတဲ့သူတွေကို NUG လမ်းညွှန်ချက်နဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်၊ ရရှိထားတဲ့ သက်သေခံပုံတွေကို လုံခြုံရေးအတွက် လက်ရှိအချိန်မှာ မပြသသေးဘဲ သင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်ပေးသွားပါမယ်” လို့ BR အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ကသာ၊ အင်းတော်၊ ဗန်းမောက်မြို့နယ်များမှာ တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ ပျူစောထီးတွေက ကျေးရွာတွေကို မီးရှို့ဖျက်စီးကာ လုယက်ခိုးယူကြတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်ကြောက်ရ၊ ဖိုးသမားဘိန်းစား ကြောက်ရပါဆရာရေ၊ အခုလည်း ရွာမှာ မနေရဲတော့ဘူး၊ မထင်ရင် မထင်သလို လက်နက်ကြီးနဲ့ ပစ်လိုက်ထုလိုက်လုပ်နေကြတာ၊ အိမ်လည်း ဒီ အတိုင်းထားခဲ့ရတာ၊ ပြာကျမသွားပါစေနဲ့ ဆုတောင်းနေရတာပဲ ဆရာရေ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတယောက်က ဒီဗွီဘီကိုပြောပါတယ်။

စစ်ကောင်စီဘက်မှ အင်အားဖြည့်တင်း စစ်ကြောင်းထိုးနေသလို ဒေသခံတွေကို ဖမ်းဆီးခြိမ်းခြောက်သတ်ဖြတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေက ပြောဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Categorie: Birmania - Myanmar

ကနောင်မြို့တွင် ပစ်ခတ်မှုဖြစ်ပြီးနောက် စာသင်ကျောင်းက ကျောင်းသားများကို မိဘများ ပြန်ခေါ်

Gio, 30/06/2022 - 4:26am

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်မြို့မှာ  ဇွန် ၂၉ ရက်က ရဲတပ်ဖွဲ့ဝင် တယောက်  ပစ်ခတ်ခံရပြီးနောက် မြို့ပေါ်စာသင်ကျောင်းတွေမှာ ကျောင်းသား ကျောင်းသူတွေကို မိဘတွေက ပြန်လာခေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မနေ့ မနက် ၉ နာရီကျော်လောက်က ကနောင်မြို့၊ အမှတ် ၂ ရပ်ကွက်မှာ ရဲတပ်သား ဇော်ဇော်ထက်  သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက်ပိုင်း သေနတ်သံတွေ ထွက်ပေါ်လာတာကြောင့် မိဘတွေက စာသင်ကျောင်းတွေကနေ ကလေးတွေကို သွားပြန် ခေါ်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ကနောင်ရဲစခန်းကရဲ မြို့လယ်ခေါင်မှာ အပစ်ခံရတာ။ လာပစ်တဲ့အဖွဲ့က ပြန်ထွက်တဲ့အချိန်မှာ တခြားနေရာက ရဲတွေရောက်လာပြီး အပြန်လှန်ပစ်ကျတော့ သေနတ်သံတော့ တော်တော်ဆူသွားတယ်။ နည်းနည်း ငြိမ်သွားတာနဲ့ ကလေးတွေကို မိဘတွေက ကျောင်းကသွားခေါ်ကြတာ”လို့ ဒေသခံတဦးက ပြောပါတယ်။ 

ရဲတဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးနောက်ပိုင်း ကနောင်မြို့မှာရှိတဲ့ စာသင်ကျောင်းတွေကနေ ကလေးတွေကို ပြန်ခေါ်ခဲ့တာကြောင့် ကျောင်းတွေပိတ်ပြီး လုံခြုံရေးအင်အားတိုးမြှင့်တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ကနောင်မြို့ဝင် ထွက်ဂိတ်တွေမှာလည်း စစ်ကောင်စီတပ်ရော ရဲတွေပါ အထိုင်ချပြီး ပိုက်စိတ်တိုက်စစ်ဆးခဲ့သလို မြို့ထဲမှာလည်း ကားတွေနဲ့ပတ်ပြီး စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကနောင်မြို့က ရဲတဦးကို သေနတ်နဲ့ ပစ်တာဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ မြန်အောင်မြို့နယ်မှာရှိတဲ့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Categorie: Birmania - Myanmar

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို ယူကရိန်းကိုသွားရောက်၊ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဆွေးနွေးရန် ရုရှားကို တိုက်တွန်း

Gio, 30/06/2022 - 4:20am

ယူကရိန်းနိုင်ငံမှာ ရောက်နေတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ယူကရိန်း သမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံခဲ့ပြီးနောက် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ တိုက်တွန်းတဲ့ စကားပြောကြားလိုက်ပါတယ်။

အောင်မြင်ဖို့ ခက်ခဲတယ်ဆိုတာကို သိပေမယ့် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ အရေးကြီးတဲ့အကြောင်းကို ပြောချင်တဲ့အကြောင်းနဲ့ မကြာခင်မှာ တွေ့ဖို့ ရှိတဲ့ ရုရှားသမ္မတ ပူတင် ဆီကို သူပြောချင်တဲ့သတင်းစကားကို သယ်ဆောင်ပေးသွားမှာဖြစ်ကြောင်း  အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။ 

အင်ဒိုနီးရှားဟာ ယူကရိန်းအတွက် ဆေးဝါးနဲ့ အခြေခံ အဆောက်အအုံပိုင်းဆိုင်ရာ အကူအညီတွေ ပေးထားတယ်လို့လည်း ပြောပါတယ်။

ဂျိုကိုဝီလို့ ခေါ်ကြတဲ့ အင်ဒိုနီးရှားသမ္မတဟာ ပိုလန်နိုင်ငံကနေ ယူကရိန်းကို ဇွန် ၂၉ ရက် မနက်က ရထားနဲ့ သွားရောက်ပြီး နိုဝင်ဘာလကျရင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဂျီ ၂၀ အစည်းအဝေးကို တက်ရောက်ဖို့ သွားရောက်ဖိတ်ကြားတာ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို မကျူးကျော်ခင်အထိ ယူကရိန်းဟာ အင်ဒိုနီးရှားအတွက် ဂျုံအများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ခဲ့ပြီး၊ အခုတော့ ရုရှားက ပင်လယ်နက် ဆိပ်ကမ်းတွေကို ပိတ်ထားတဲ့အတွက်ကြောင့် တကမ္ဘာလုံး စားနပ်ရိက္ခာ အကျပ်အတည်းဆိုက်မှာကို စိုးရိမ်နေရပါတယ်။

အင်ဒိုနီးရှားသမ္မတဟာ ယူကရိန်းကို သွားပြီးတဲ့နောက် မော်စကိုလည်းသွားရောက်ကာ  ရုရှားသမ္မတ ပူတင်နဲ့တွေ့ဆုံဖို့ ရှိပါတယ်။

ရုရှားဘက်က ယူကရိန်းမှာ တိုက်ခိုက်နေတာကို အပစ်ရပ်ဖို့ တိုက်တွန်းမယ်လို့ သမ္မတ ဂျိုကိုဝီက ပြောပါတယ်။ လောလောဆယ်မှာတော့ ယူကရိန်းနဲ့ ရုရှားတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးတာတွေ ရှေ့မတက်နိုင်ဘဲ အပြန်အလှန် အပြစ်တင်နေကြပါတယ်။ 

Categorie: Birmania - Myanmar