Democratic Voice of Burma

Abbonamento a feed Democratic Voice of Burma
Multimedia Group
Aggiornato: 1 ora 52 min fa

မြဝတီချစ်ကြည်ရေးတံတားမှ မြန်မာရွေ့ပြောင်းလုပ်သား ၁၄၀၀ ကျော် ​​ဝင်​ရောက်

2 ore 1 min fa

မေ ၂၇ ရက်က ထိုင်းနိုင်ငံကနေ မြန်မာရွေ့ပြောင်းလုပ်သား ၁၄၀၀ ကျော် မြဝတီအမှတ် ၂ ချစ်ကြည်ရေးတံတားကနေ ထပ်မံဝင်ရောက်လာတယ်လို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးခရိုင်အဆင့် ကော်မတီဥက္ကဋ္ဌ ဦးတေဇာအောင်က ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိထံ စားရင်ပေးပို့ထားသူ ၄၀၀ ကျော်၊ သီးခြားပြန်ဝင်လာသူ ၉၀၀ နဲ့ ပြစ်ဒဏ်ရက်စေပြီး ပြန်လာသူ ၅၀ ကျော်တို့ဟာ မဲဆောက်မြို့မှတဆင့် မြဝတီမြို့ကို ပြန်လည်ဝင်ရောက်လာတာပါ။

ဦးတေဇာအောင်က “ကျနော်တို့ရဲ့ မျှော်မှန်းချက်ကတော့ တနေ့ကို ၂၅၀၀ ပြန်ဝင်ရောက်လာအောင် စီစဉ်နေတယ်။ စစ်ဆေးမှုပုံစံကို ၂ နေရာအစား ၃ နေရာ ၄ နေရာအထိ ချဲ့ပြီး​ဆောင်ရွက်သွားဖို့ စီမံထားတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လို့တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ပြန်လည်ပို့ဆောင်ပေးနေသလို့ မိမိတို့အစီအစဉ်နဲ့ သီးခြားပြန်ဝင်လာသူတွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေကို မဲဆောက်မြို့ BCF ဇုန်မှာ ကျန်းမာရေး စစ်ဆေးမှုခံယူပြီးမှ ထိုင်းနိုင်ငံတာဝန်ရှိသူတွေက မြန်မာနိုင်ငံတာဝန်ရှိသူတွေထံ စနစ်တကျ လွှဲပြောင်းပေးခဲ့တာပါ။

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာဖို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိထံ စားရင်ပေးပို့ထားသူ ၃၃၀၀၀ ကျော်ထဲကနေ မေလ ၂၇ ရက်နေ့အထိ လူဦးရေ ၂၀၀၀ နီးပါးနဲ့ သီးခြားပြန်လာသူ ၅၀၀၀ နီးပါး ပြန်လည်ဝင်ရောက်လာပြီး ဖြစ်ပါတယ်။

ရဲမင်းခေါင်

The post မြဝတီချစ်ကြည်ရေးတံတားမှ မြန်မာရွေ့ပြောင်းလုပ်သား ၁၄၀၀ ကျော် ​​ဝင်​ရောက် appeared first on DVB.

Categorie: Birmania

ဆယ်ကျော်သက်ပေါ့ပ်စတား Billie Eilish လူမှုကွန်ရက်ပေါ် Body Shaming အသိပညာပေး (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

2 ore 10 min fa

Body Shaming လို့ပြောလိုက်တာနဲ့ ပရိသတ်တွေက တခြားတယောက်ယောက်ရဲ့ ခန္ဓာကိုယ်သွင်ပြင် ဝတာ၊ ပိန်တာ၊ ရှည်တာ၊ ပုတာ စသဖြင့် ပြင်ပသွင်ပြင်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ရှုံ့ချလှောင်ပြောင်တာလို့ သိကြပြီး ဖြစ်မှာပါ။

လူသားတိုင်းမှာ မတူညီကွဲပြားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အားနည်းချက် တခုမဟုတ် တခုတော့ ရှိကြတာပါပဲ။ အကြီးအသေး အနည်းအများ အားနည်းပုံချင်း မတူညီနိုင်ကြပါဘူး။

ဒါနဲ့ ပတ်သက်ပြီး လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာ မရှိသင့်၊ မပြုမူသင့်တဲ့ အခြေအနေတခုအဖြစ် Body Shaming တိုက်ဖျက်တဲ့ လှုပ်ရှားမှုတွေကို ထင်ရှားကျော် ကြားသူတွေ၊ နာမည်ကျော် အနုပညာရှင်ဆယ်လီတွေကပါ အားတက်သရော ပါဝင်နေကြပါတယ်။

လတ်တလောမှာတော့ ဆယ်ကျော်သက် အနုပညာရှင်ကောင်မလေး Billie Eilish က Body Shaming နဲ့ ပတ်သက်တဲ့ ရုပ်သံအတိုလေးတခုကို သူ့ရဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

သူဟာ ပြီးခဲ့တဲ့ ဂရမ်မီတေးဂီတဆုချီးမြှင့်ပွဲမှာ ဆုအများဆုံး သိမ်းပိုက်သွားနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အနုပညာရှင် ဖြစ်လာခဲ့တာပါ။

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ Billie Eilish ဟာ  ၆၂ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဆုချီးမြှင့်ပွဲမှာ Album of the Year ဆုအပါအဝင် ဆုပေါင်း ၅ ဆုရရှိခဲ့တာပါ။

အရင်က Album of the Year ဆုကို Fearless တေးအယ်လ်ဘမ်နဲ့ အဆိုတော် တေလာဆွစ်ဖ်က အသက် ၂၀ အရွယ်မှာ ဆွတ်ခူးခဲ့တာမို့ Billie Eilish က ခုလိုဆွတ်ခူး နိုင်ခဲ့တာဟာ စံချိန်တင်အသက်အငယ်ဆုံး အနုပညာရှင်ဖြစ်လာခဲ့တာပါ။

ခုလတ်တလော မျှဝေလိုက်တဲ့ ရုပ်သံကိုတော့ Not My Responsibility လို့ အမည် ပေးထားပါတယ်။

ရုပ်သံထဲမှာတော့ အီလက်ထရိုဂီတနောက်ခံအသံနဲ့ အစပြုထားခဲ့ပြီးနောက်မှာတော့ သူက အနက်ရောင် ဟူဒီတထည်နဲ့ ရပ်နေခဲ့တာကို တွေ့ရမှာပါ။

အဲဒီနောက်တော့ “ရှင်တို့ ကျမကို သိသလား”၊ “ကျမကို ခုထက်ပိုပြီး သေးသွားစေ ချင်သလား”၊ “ပိုအားနည်းစေလိုသလား”၊ “ပိုနူးညံ့စေလိုသလား”၊ အရပ်ပိုရှည်လာစေချင် သလား”၊ “ပိုတိတ်ဆိတ်စေလိုသလား”အစချီ မေးခွန်းတွေနဲ့အတူ အဝတ်တွေကိုလည်း တထပ်ချင်း ချွတ်ပြခဲ့ကာ နောက်ဆုံး ရေထဲငုပ်လျှိုးသွားခဲ့ချိန်အထိ သရုပ်ပြခဲ့တာကို တွေ့ရပါတယ်။

ရုပ်သံအဆုံးပိုင်းမှာတော့ Billie Eilish က “လူတွေရဲ့ အရွယ်အစားပေါ် မူတည်ပြီး ကျမတို့က သူဘယ်သူဖြစ်တယ်၊ ဘယ်လောက်တန်တယ်ဆိုတာကို ကောက်ချက်ချဆုံး ဖြတ်ကြတယ်။ ကျမက ပိုပြီး ဝတ်ထားမယ်၊ လျှော့ပြီး ဝတ်ထားခဲ့မယ်ဆိုရင် အဲလိုဖြစ်စေ ဖို့ ဘယ်သူက ဆုံးဖြတ်တာလဲ။ အဲဒီအဓိပ္ပါယ်က ဘာလဲ။ ကျမရဲ့ တန်ဖိုးက ရှင်တို့ အမြင် သုံးသပ်ချက်တွေပေါ် အခြေခံရမှာလား။ ဒါမှမဟုတ် ကျမနဲ့ ပတ်သက်တဲ့ ရှင်တို့ရဲ့ အမြင်အပေါ် ရှင်တို့ပဲ တာဝန်ယူရမှာ မဟုတ်ဘူးလား” ဆိုပြီး အဆုံးသတ်ထားပါတယ်။

လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုဘ်ပေါ်မှာ ရက်ပိုင်းအတွင်း ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

The post ဆယ်ကျော်သက်ပေါ့ပ်စတား Billie Eilish လူမှုကွန်ရက်ပေါ် Body Shaming အသိပညာပေး (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ) appeared first on DVB.

Categorie: Birmania

ဆန်ချိုအတွက် ဆန်းချက်ဇ်ကို အလိုက်ပေးကမ်းလှမ်းရန် မန်ယူအသင်းပြင်ဆင်

2 ore 19 min fa

မန်ယူအသင်းဟာ ဒေါ့မွန်ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ဆန်းချက်ဇ်ကို အလိုက်ပေးပြီး ကမ်းလှမ်းမယ်လို့ သတင်းထွက်နေပါတယ်။ 

ဆန်းချက်ဇ်ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် အီတလီကလပ် အင်တာမီလန်အသင်းမှာ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေသူပါ။ 

မန်ယူအသင်းဟာ ဂျေဒန်ဆန်ချိုကို ခေါ်ယူလိုတာကြောင့် အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဆန်းချက်ဇ်ကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။ 

ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးပေါင် သန်း ၁၀၀ သတ်မှတ်ထားပြီး ဆန်းချက်ဇ်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်း အနေနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ မန်ယူအသင်းက ဆန္ဒရှိနေတာပါ။  

မန်ယူအတွက် အခက်အခဲဖြစ်စေမယ့်အချက်က ဆန်းချက်ဇ်ရဲ့လုပ်ခဖြစ်ပြီး လက်ရှိ ဆန်းချက်ဇ်ရနေတဲ့ တပတ် လုပ်ခပေါင် ၅ သိန်းကို ဒေါ့မွန် အသင်းက ပေးချေနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ 

မန်ယူအသင်းအလိုရှိနေတဲ့ အင်္ဂလန်လက်ရွေးစင် ဆန်ချိုဟာ အခုနှစ်ရာသီမှာ ဒေါ့မွန် အတွက် ၁၄ ဂိုးသွင်းပြီး ၁၇ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ 

The post ဆန်ချိုအတွက် ဆန်းချက်ဇ်ကို အလိုက်ပေးကမ်းလှမ်းရန် မန်ယူအသင်းပြင်ဆင် appeared first on DVB.

Categorie: Birmania

စပါးကစားသမားအားလုံး ဒဏ်ရာပြဿနာကင်းစင်ပြီဟု မော်ရင်ဟို အတည်ပြု

2 ore 34 min fa

ဒဏ်ရာရ ကစားသမားတွေ ပြန်ကောင်းလာပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်ချိန်မှာ စပါးအသင်းက ကစားသမားအားလုံးကို အသုံးပြုနိုင်ပြီလို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ 

စပါးအသင်းဟာ အခုနှစ်ရာသီမှာ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာရှိခဲ့လို့ ရုန်းကန်ခဲ့ရပါတယ်။ 

အဓိက တိုက်စစ်မှူးဟယ်ရီကိန်းဟာ ဇန်နဝါရီ ၁ ရက် နေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရခဲ့လို့ အနားယူခဲ့ရပါတယ်။ 

ဒါ့အပြင် ကွင်းလယ်လူ ဆစ်ဆိုခို၊ တောင်ပံတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆွန်ဟောင်မင် နဲ့ ဘာ့ချ်ဝင်တို့ဟာလည်း ဒဏ်ရာရခဲ့ကြတာပါ။ 

လက်ရှိအချိန်မှာ အဲဒီကစားသမား ၄ ဦးလုံး လေ့ကျင့်ခန်းပြန်ဆင်းနေပြီး နောက်ထပ်ရက်သတ္တပတ် အနည်းငယ် အကြာမှာ ပြန်ကစားနိုင်တော့မယ်လို့ မော်ရင်ဟိုက အတည်ပြုခဲ့ပါတယ်။ 

နောက်ဆုံးကစားခဲ့တဲ့ လိုက်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြဿနာတွေရှိခဲ့ပြီး အခုချိန်မှာ ကစားသမားအားလုံး ပြန်လည်လေ့ကျင့်နိုင်ပြီဖြစ်လို့ ပျော်ရွှင်တဲ့ ခံစားချက်ရရှိစေတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ 

The post စပါးကစားသမားအားလုံး ဒဏ်ရာပြဿနာကင်းစင်ပြီဟု မော်ရင်ဟို အတည်ပြု appeared first on DVB.

Categorie: Birmania